... နက္ခတ်ဗေဒင်ပညာတွင် ဂဏိတ၊ ဖလိတ၊ သံဟိတ ဟူ၍အပိုင်းကြီး(၃)ပိုင်းရှိသည်။ ဂဏိတအပိုင်းသည်... ဂြိုလ်၊ နက္ခတ်၊ တာရာတို့အား တွက်ချက်သောအပိုင်းဖြစ်သည်။ ဖလိတအပိုင်းသည် ... ဂဏိတတွက်ရိုးအပေါ်အခြေခံ ကာ လူတို့၏ကောင်း၊ဆိုးကို ဝေဖန်ဟောပြောသော အပိုင်းဖြစ်သည်။ သံဟိတအပိုင်းသည် ... လူတို့ဖြစ်ပျက်သော ကောင်း၊ဆိုးကို ပြုပြင်သော အပိုင်းဖြစ်သည်။
Sunday, October 26, 2014
... သိဒ္ဓိ(၁၀)ပါး ...
““ သိဒ္ဓိ(၁၀)ပါး ””
ဆုတောင်းခန်း အချို့တွင်ပါဝင်သော““(၁၀)ပါးသောသိဒ္ဓိ””ဟူသောစကားစုကို
လူအများကကြားဖူးပေမည်။လူအချို့ကကိုယ်တိုင်ဆုတောင်းရွတ်ဆိုဖူးပေမည်။
ထို““ သိဒ္ဓိ(၁၀)ပါး ””ကိုမသိသေးသူများသိရှိနိုင်ရန်ရေးသားဖေါ်ပြလိုက်ပါသည်။
““ သိဒ္ဓိ(၁၀)ပါး ””
၁။ စိန္တာမယ သိဒ္ဓိ။ ။ စိတ်မှရွတ်ကာ ကောင်းကင်တွင် ထူဆန်းထွေလာ ဖန်ဆင်း
ပြနိုင်ခြင်း။
၂။ ဥဒက သိဒ္ဓိ ။ ။ ရေပေါ်တွင်ဣရိယာပုတ်လေးပါးနှင့် နေထိုင်နိုင်ခြင်း။
၃။ ပထဝီ သိဒ္ဓိ ။ ။ ဝေးကွာသောခရီးကို မျက်စိမှိတ်ကာမျှနှင့် ရောက်နိုင်ခြင်း။
၎။ ဓန သိဒ္ဓိ ။ ။ ရတနာ၊ရွှေ၊ငွေ အလိုရှိသမျှကို ဖြစ်မြောက်နိုင်ခြင်း။
၅။ အာယု သိဒ္ဓိ ။ ။ အသက်သိန်းသန်းရှည်လျက် ဆယ့်ခြောက်နှစ်သားအရွယ်
နုပျိုစွာနေနိုင်ခြင်း
၆။ အာကာသ သိဒ္ဓိ။ ။ ကောင်းကင်တွင် စိတ်ထင်တိုင်း သွားလာနိုင်ခြင်း။
၇။ အာရောဂျ သိဒ္ဓိ။ ။အသက်ရှည်သမျှကာလပတ်လုံးအနာရောဂါကင်းရှင်းခြင်း။
၈။ ကာယ သိဒ္ဓိ ။ ။ ဓား၊လှံ၊သေနတ်၊အမြောက် မထိုးဖောက်နိုင်ခြင်း။
၉။ ပီယ သိဒ္ဓိ ။ ။ မြင်မြင်သမျှ သတ္တဝါတို့က ချစ်ခင်နှစ်သက်ခြင်း။
၁၀။ ဣဒ္ဓိဝိဓ သိဒ္ဓိ။ ။ တန်ခိုးအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုး၊ ပြောင်းလဲ ဖန်ဆင်းနိုင်ခြင်း။
........................................................................................................................
ကိုယ်ရောစိတ်ပါငြိမ်းအေးလျက်၊ဆန္ဒနှင့်ဘဝတစ်ထပ်တည်းကျနိုင်ကြပါစေ။
ကမ္မံ သတ္တေ ဝိဘဇ္ဇတိ
ဥက္ကာမင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
အားလုံးကို ကြိုဆိုပါတယ်။