...“သူငယ်ချင်း”...“ (၂) ” ...
..ဒီမှာ..သူငယ်ချင်း...
လူအများ“ အတ္တ ”ကိုရှေ့တန်းတင်နေတာ.. နဲ့
ဘဝတစ်သက်၊ယုံကြည်ဖက်တွယ်လာ.. တဲ့
မင်းရဲ့..“ပရ” စိတ်တွေကို
နောက်တန်းမပို့လိုက်ပါနဲ့လား..သူငယ်ချင်း။
..ဒီမှာ..သူငယ်ချင်း..
လူအများ“စိတ်မနော”အရောင်အသွေးစုံနေတာ.. နဲ့
ဘဝတစ်သက်၊စောင့်ထိန်းလာ.. တဲ့
မင်းရင်ထဲကတစ်ရောင်တည်းသော“စိတ်မနော၊အဖြူ”တွေကို
အရောင်တွေမခြယ်လိုက်ပါနဲ့လား..သူငယ်ချင်း။
..ဒီမှာ..သူငယ်ချင်း..
လူအများ““ကတိ””စကားတွင်တွင်သုံး၊
လွယ်လွယ်ဖျက်နေကြတာ.. နဲ့
အလေးအနက်တန်ဖိုးထားလာ.. တဲ့
မင်းရဲ့““ကတိ””စကားတွေကို
တန်ဖိုးမဲ့၊တွင်တွင်ကြီးမသုံးလိုက်ပါနဲ့လား..သူငယ်ချင်း။
..ဒီမှာ..သူငယ်ချင်း..
လူအများသူတစ်လူ၊ငါတစ်မင်း
မာန်ဇာတ်ခုတ်နေကြတာ..နဲ့
မင်းတစ်သက၊်ရွံ့မုန်းလာ..တဲ့
““မာန””တရားကို၊ခုံမင်၊မြတ်နိုး
စွဲကိုင်သမှု၊မပြုလိုက်ပါနဲ့လား..သူငယ်ချင်း။
၂၅.၉.၂၀၁၄
ကမ္မံ သတ္တေ ဝိဘဇ္ဇတိ
ဥက္ကာမင်း
...........................................................................................
ကိုယ်ရောစိတ်ပါငြိမ်းအေးလျက်၊ဆန္ဒနှင့်ဘဝတစ်ထပ်တည်းကျနိုင်ကြပါစေ။
No comments:
Post a Comment
အားလုံးကို ကြိုဆိုပါတယ်။