...“သူငယ်ချင်း”...
..ဒီမှာ..သူငယ်ချင်း
လူအများရိုးသားခြင်းမရှိတော့တာ..နဲ့..
မြတ်နိုးစွာဖက်တွယ်ထားတဲ့..
မင်းရဲ့..“ရိုးသား”ခြင်းတွေကို
ရိုက်ချိုးဖျက်စီးမပစ်လိုက်ပါနဲ့လား..သူငယ်ချင်း။
..ဒီမှာ..သူငယ်ချင်း
လူအများကိုယ်ချင်းစာနာစိတ်မရှိတော့တာ..နဲ့..
မင်းရင်ထဲက“ဂရုဏာ..မေတ္တာ”တွေကို
ကျောခိုင်းမပစ်လိုက်ပါနဲ့လား..သူငယ်ချင်း။
..ဒီမှာ..သူငယ်ချင်း
လူအများရှက်ကြောက်ကင်းကင်းပြုမူနေကြတာ..နဲ့..
တစ်သက်ဆွဲကိုင်လာတဲ့
မင်းရဲ့..“ဟီရိ၊သြတ္တပ္ပ”တရားကို
အမှောင်မချလိုက်ပါနဲ့လား..သူငယ်ချင်း။
..ဒီမှာ..သူငယ်ချင်း
လူအများသံသရာမကြောက်၊မိုက်ဂုဏ်မောက်နေတာ..နဲ့
မင်းရဲ့“ယုံကြည်ခြင်း”..“ကမ္မဿကတဉာဏ်”..ကို
မျက်ကွယ်မပြုလိုက်ပါနဲ့လား..သူငယ်ချင်း။
..........................................................................................
အားလုံးသောသတ္တဝါတွေကိုယ်ရောစိတ်ပါငြိမ်းအေးနိုင်ကြပါစေသတည်း။
ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ
ဆရာဥက္ကာမင်း
နက္ခတ်ဗေဒင်အတိုင်ပင်ခံ၊အကြံပေး
(၀၉၄၂၀၁၅၀၆၅၆)

No comments:
Post a Comment
အားလုံးကို ကြိုဆိုပါတယ်။