...
နက္ခတ်ဗေဒင်သင်ခန်းစာ အခြေခံသင်တန်းမှတ်စု ...
... စကားဦး ...
နက္ခတ်ဗေဒင်ပညာတွင် ဂဏိတ၊
ဖလိတ၊ သံဟိတ ဟူ၍အပိုင်းကြီး(၃)ပိုင်းရှိသည်။ ဂဏိတအပိုင်းသည်... ဂြိုလ်၊နက္ခတ်၊တာရာတိုအားတွက်ချက်သောအပိုင်းဖြစ်သည်။ဖလိတအပိုင်းသည်...ဂဏိတတွက်ရိုးအပေါ်
အခြေခံကာ
လူတို့၏ကောင်း၊ဆိုးကို ဝေဖန်ဟောပြောသော အပိုင်းဖြစ်သည်။ သံဟိတအပိုင်းသည် ...
လူတို့ဖြစ်ပျက်သောကောင်း၊ဆိုးကို
ပြုပြင်စီရင်သော အပိုင်းဖြစ်သည်။ အလွယ်ပြောက ဂဏိတတွက်ရိုးပိုင်း၊ ဖလိတ
အဟောပိုင်း၊ သံဟိတ ယတြာပိုင်းဖြစ်သည်။
ယခုရေးသားမည့်အပိုင်းသည်ကျွန်ုပ်၏အဖွဲ့ဝင်တို့အတွက် ပြုစုထားသောနက္ခတ်ဗေဒင်သင်ခန်းစာသင်တန်း
မှတ်စု(ဝါ) ဖလိတ
အဟောပိုင်းအတွက်ဖြစ်ကြောင်း ဦးစွာပြောကြားလိုသည်။လောကသဘာဝမြင်ကွင်းရှိ
လူတစ်ဦး၏ ကောင်းကံ၊ဆိုးကံကို ဟောပြောရာ၌ ဗေဒင်ပညာရပ်မြောက်မြားစွာရှိလေသည်။ထိုဗေဒင်ပ
ညာမြောက်မြားစွာအနက် အဘယ်ပညာကောင်း၍ အဘယ်ပညာမကောင်းဟူ၍ ကျွန်ုပ်မပြောလိုပေ။ ပညာရပ်တိုင်းသည်
သူ့ရပ်တည်မှုနှင့်သူ ကောင်းကြသည်သာဖြစ်၏။
သို့ရာတွင်လူတို့၏ဘဝမြင်ကွင်းကိုစစ်စီသုံးသပ်ရာ၌နက္ခတ်ဗေဒင်ပညာကားထိပ်ဆုံးမှရပ်တည်နေကြောင်း
ငြင်း၍ မရနိုင်ပေ။
ဤသည်ကိုလူသာမန်တို့ မဆိုထားနှင့် ပညာရှင်များပင် ငြင်းဆန်နိုင်မည် မဟုတ်ပေ။
ယခုခေတ်ကြီး၌ကမ္ဘာ့နိုင်ငံအသီးသီးပင်နက္ခတ်ပညာကိုဂရုပြုသုံးစွဲနေကြခြင်းကအထိရောက်ဆုံး
သက်သေပြယုဂ်ပင်ဖြစ်သည်။
ဤအပိုင်းတွင် နက္ခတ်ဗေဒင်၏
အရေးကြီးသော သီအိုရီ(ဝါ) ဥပဒေသတို့ကို ပြုစုရေးသားထားသည်။
ထို သီအိုရီ(ဝါ)
ဥပဒေသတို့က အရေးကြီးသော အဓိကရေသောက်မြစ်များဖြစ်သည်။ ထိုရေသောက်မြစ်ကို သဘာဝကျသော
အတွေးအမြင်ရေနှင့် ရေလောင်းပေါင်းသင်ပေးက လောကသဘာဝမြင်ကွင်းရှိ ပင်စည်၊
အကိုင်း၊အဖျားတို့သည် ကောင်းစွာဖွံ့ဖြိုးခြင်းအား
မျက်ဝါးထင်ထင် တွေ့ကြုံကြရပေမည်။
...
နက္ခတ်ဗေဒင်ပညာ ...
ရာသီစက်ကို အခြေခံ၍
ဘာဝစက်နှင့် နဝင်းစက် ပြုလုပ်ခြင်းသည် တြိစက္ကဇာတာဖြစ်သည်။
တြိစက္ကဇာတာ
တစ်စောင်တွင်ရှိသော ဂြိုလ်တို၏ ရပ်တည်မှု၊ အပူး၊ အယှဉ်၊ အစီးအနင်း တို့အား
ဂဏသေခြာစစ်စီ၍
လောကသဘာဝမြင်ကွင်းရှိ လူတစ်ဦး၏ ဘဝဖြစ်စဉ် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်
အကောင်း၊အဆိုးအားနိမိတ်ဖတ် ဟောကြားခြင်းသည်ပင်
နက္ခတ်ဗေဒင်ပညာဖြစ်တော့သည်။
...
ဇာတာဖွဲ့ရခြင်း အကြောင်း ...
အဇာဋာကောင်းကင်ရှိ ရာသီစက်ဝန်ကြီးသည်ဂြိုလ်(၉)လုံး၊နက္ခတ်(၂၇)လုံးဖြင့်တန်ဆာဆင်ထားလေသည်။
အရှေ့တိုင်းမူ(ဝါ)မြန်မာတို့၏နည်းစနစ်အရ
ဂြိုလ်(၉)လုံးသည် ဇာတာဖွဲ့ရာ၌ အရေးကြီးသည်။ ထို ဂြိုလ်(၉)လုံး၏ရပ်တည်မှုကို
ရာသီစက်ဝန်း(ဝါ) (၁၂)ရာသီစက်ဖြင့်မှတ်ယူကြရ၏။(၁၂)ရာသီစက်ကိုမူ
နက္ခတ်(၂၇)လုံးဖြင့် သတ်မှတ်ယူရပြန်သည်။ကောင်းကင်ရာသီစက်ဝန်းသည်
အံသာ(၃၆၀)ရှိ၏။ တစ်ရာသီလျှင် အံသာ(၃၀)ရှိ၍ လိတ္တာအားဖြင့်(၁၈၀၀)ရှိပေသည်။
ဇာတာဖွဲ့ရခြင်းအကြောင်းသည် လူတစ်ဦးမွေးဖွားချိန်၌ ကောင်းကင်(၁၂)ရာသီစက်ဝန်းအတွင်းမည်သည့်ရာသီတွင်အဘယ်ဂြိုလ်ရပ်
တည်နေကြောင်း သိလို၍ဖြစ်သည်။ထို့ကြောင့်
မွေးဖွားချိန်ကာလ၌ (၁၂)ရာသီစက်ဝန်းအတွင်းရှိ ဂြိုလ်ရပ်တည်မှုကို သိရှိလို၍
ဇာတာဖွဲ့ရခြင်းဖြစ်လေသည်။
... မှတ်ချက် ...
အဇာဋာကောင်းကင်တွင်
ဂြိုလ်(၉)လုံး၊ နက္ခတ်(၂၇)လုံးအပြင်အတွင်းတာရာ(၉)လုံး၊အပြင်တာရာ
(၂၈)လုံး၊ အလွတ်တာရာပေါင်း(၉၀)ကျော်
ရှိသေး၏။ထိုတာရာများသည် ဇာတာဖွဲ့ရာ၌ မသက်ဆိုင်ပေ။ ဗဟုသုတအနေဖြင့်သိရှိထားရန် ရေးသားလိုက်ရသည်။
...
ဇာတာ(၃)မျိုး ...
မူလဇာတာ ...= ... လူတစ်ဦးမွေးဖွားချိန်ကို
မူတည်၍တွက်သော ဇာတာ။
ပြဿနာဇာတာ ...= ...
ကိစ္စတစ်ရပ်အတွက် မေးချိန်ကို မူတည်၍တွက်သော ဇာတာ။
အခါပေးဇာတာ ...= ...
အခမ်းအနားတစ်ရပ်အတွက် အကောင်းဆုံးအချိန်ကာလကို တင်ကြို၍တွက်စစ်ပေးသောဇာတာ။
...
ဇာတာတွက်ရန်လိုအပ်ချက် ...
အမည်
မွေးသက္ကရာဇ် ...(ရက်၊လ၊ခုနှစ်)
မွေးချိန်
မွေးဖွားရာဒေသ
အချို့က ”
မွေးချိန်မပါရင်တွက်လို့မရဘူးလား” ဟူ၍မေးကြ၏။ ထိုမေးခွန်းအား
ကျွန်ုပ်အကြိမ်ကြိမ်ဖြေဆိုခဲ့ရသည်။
ဗေဒင်လောကတွင်
လက်ဆန်းနှင့်လက်ရိုးဟူ၍ရှိလေသည်။ လက်ဆန်းသည် မွေးချိန်ပါစရာမလိုပါ။ လက်ရိုးမူကား
နက္ခတ်ဗေဒင်ဖြစ်၍
မွေးချိန်ပါရ၏။ ထို့အတူမွေးဖွားရာဒေသကို လိုက်ကာ လတ္တီတွဒ်၊လောင်ဂျီတွဒ်ကွာခြားမှုရှိခြင်း
ကြောင့်
မွေးဖွားရာဒေသသည်လည်း လိုအပ်ပေသည်။
... လဂ် ...
လဂ်၏အဓိပ္ပါယ်မှာ
ကပ်ငြိခြင်း(ဝါ) ငြိတွယ်ခြင်းဖြစ်သည်။ လူတစ်ဦးမွေးဖွားချိန်နှင့်
တွက်ချက်ရာမှရသော ဇာတာ
တန်ဖိုးဟူ၍လည်းပြောနိုင်သည်။
ထိုသည်ကိုချဲ့ရလျှင်
လူတစ်ဦးမွေးဖွားချိန်၌ အရှေ့ဘက်မိုးကုတ်စက်ဝိုင်းတွင်ထွက်နေသော ရာသီဖြစ်သည်။
ဥပမာ...၃ရာသီ၊၁၀အံသာ၊၄၅လိတ္တာ
ရှိသောအချိန်ကာလ၌ လူတစ်ဦးမွေးဖွားလျှင် ထိုလူမွေးချိန်၌ အရှေ့ဘက်မိုး
ကုတ်စက်ဝိုင်းတွင်
ကရကဋ်ရာသီ ထွက်ပေါ်နေဆဲ ဖြစ်ကြောင်းသိနိုင်သည်။
မှတ်ချက်။ ။ လဂ်ကို အကြမ်းအားဖြင့် (၂)နာရီ
တစ်လဂ်နှုန်းဖြင့် မှတ်ယူရ၏။
... ရာသီအမည်နှင့်ရာသီသချာင်္ ...
(၁၂)ရာသီစက်တွင် ဆိုင်ရာအမည်နှင့်
ဆိုင်ရာသချာင်္ဂဏန်းများရှိသည်။ အထက်ပါပုံနှစ်ပုံ ယှဉ်တွဲကြည့်ခြင်းဖြင့်
ရာသီအမည်နှင့်
ရာသီသချာင်္ကိုကောင်းစွာ သိနိုင်မည်။ ကရကဋ်ရာသီသည်သချာင်္အားဖြင့်(၃)၊ တူရာသီသည်
သချာင်္အားဖြင့်(၆)ဟူ၍
သိရှိထားရမည်။
ထိုသို့သိမှာသာ
မည်သည့်ရာသီတွင် မည်သည့်ဂြိုလ်ရပ်တည်မည်ကိုသိနိုင်၏။ ဥပမာ...။
တနင်္ဂနွေဂြိုလ်ကြီးသည်
၅ရာသီ၊၁၅အံသာ၊
၄၃လိတ္တာ၊၅၂ဝိလိတ္တာရှိက (၅)ရာသီသည်ကန်ရာသီဖြင့်၍ တနင်္ဂနွေဂြိုလ်သည် ကန်ရာသီတွင်
ရပ်တည်ကြောင်း
သိနိုင်ပေသည်။
... အိမ်ရှင်ဂြိုလ်
(ဝါ) ကသစ်ဂြိုလ် ...
(၁၂)ရာသီစက်ဝန်းတွင်
အိမ်ပိုင်ဂြိုလ်များရှိသည်။ ထိုသည်ကိုအိမ်ရှင်ဂြိုလ်(ဝါ) ကသစ်ဂြိုလ်ဟုသိထားရမည်။
ရှေးဆရာကြီးများက စ၊ သာ၊
ရွှေ၊ ကူ၊ အင်း၊ ဝ၊ သူ၊ ဆန်၊ ဖြူ၊ တ၊ တင်း၊ ပေး၊ ကိတ် ဟုလင်္ကာရေးစပ်ခဲ့ကြသည်။
ထိုလင်္ကာအတိုင်း
မေဿရာသီမှစ၍ နာရီလက်တံပြောင်းပြန် လှည့်သကဲ့သို့ အစဉ်အတိုင်းရွတ်ဆိုသွားက ကသစ်
အိမ်ရှင်ဂြိုလ်များကို
သိနိုင်ပေသည်။ ...ဥပမာ...။ ဇာတာ၌ ဗြိစ္ဆာရာသီတွင် အင်္ဂါရှိက အင်္ဂ
ါဂြိုလ်ကသစ်မှုကြောင်း
သိရမည်။
... ပြဂြိုလ်
...
ကသစ်အိမ်နှင့်ဆန့်ကျင်ဘက်
(၇)တန့်(ဝါ)(၇)ခုမြောက်အိမ်သည် ပြအိမ်ဖြစ်သည်။ လင်္ကာအရ တူရာသီမှစ၍နာရီ
လက်တံပြောင်းပြန်လှည့်သကဲ့သို့အစဉ်အတိုင်းရွတ်ဆိုသွားကပြအိမ်ကိုသိနိုင်ပေသည်။
...ဥပမာ...။ကရကဋ်ရာသီတွင်စနေရှိက
စနေဂြိုလ် ပြဖြစ်ကြောင်းသိရမည်။
... ဥုစ်
နှင့် နိစ် ...
အထက်ပါပုံတို့သည်(စာ၊သချာင်္)အားဖြင့်
ဥုပ်နှင့်နိစ်ဂြိုလ်တို့ ရပ်တည်ပုံဖြစ်သည်။ ရှေးဆရာကြီးများကကောင်း၊
အောင်၊သာ၊ဘယ်၊ညာ၊လက်၊နှင့်၊ရွေး၊ကိတ်
ဟုလင်္ကာရေးစပ်ခဲ့ကြသည်။
ဇာတာတစ်စောင်တွင်
ပြိဿရာသီတွင်(၂) ကိုတွေ့ရှိက တနင်္လာဂြိုလ်ဥုပ်ရကြောင်း သိရမည်။
လင်္ကာအတိုင်း မေဿတွင် ၁၊
မိန်တွင် ၆၊ မေထုန်တွင် ၈၊ ကရကဋ်တွင် ၅၊ မကာရတွင် ၃၊ ကန်တွင် ၄၊ တူတွင် ၀၊
ဓနုတွင် ၉၊ တွေ့က
ထိုဂြိုလ်များဥုပ်ရကြောင်း သိနေရမည်။
ထိုအတိုင်းဗြိစ္ဆာတွင် ၂၊
တူတွင် ၁၊ ကန်တွင် ၆၊ ဓနုတွင် ၈၊ ကရကဋ်တွင် ၃၊ မကာရတွင် ၅၊ မိန်တွင် ၄၊ မေဿတွင် ၀၊
မေထုန်တွင် ၉၊ တွေ့က ထိုဂြိုလ်များနိစ်ရကြောင်း သိနေရမည်။
... တြိဂုဏ်း ...
အထက်ပါပုံသည်
တြိဂုဏ်းဂြိုလ် ရပ်တည်ပုံ ဖြစ်သည်။
... နေသ ဂ္ဂိကမိတ်၊ ရန် ...
... နေသ ဂ္ဂိကမိတ်
...
၁။ တနင်္ဂနွေဂြိုလ် ၏မိတ် အောင် ကျော် စံ မွှေး ၂၊ ၃၊ ၅
၂။ တနင်္လာဂြိုလ် ၏မိတ် ကြံ
အောင် ရေး ၁၊ ၈
၃။ အင်္ဂါဂြိုလ် မိတ် ညောင်
အေး ကျီး ပင် ၁၊
၂၊ ၅
၎။ ဗုဒ္ဓဟူးဂြိုလ် ၏မိတ် လှ အေး သွင်
၁၊ ၆
၅။ ကြာသာပတေးဂြိုလ် ၏မိတ် မြ အေး
ကျင် ဆွေ ၁၊ ၂၊ ၃
၆။ သောကြာဂြိုလ် ၏မိတ် သောင်း ရုံး နိုင် ၈၊ ဝ
၇။ စနေဂြိုလ် ၏မိတ် နောင် ရေး သာ ၈၊ ၆
၈။ ရာဟုဂြိုလ် ၏မိတ် ရွှေ သား
နု ၆၊ ဝ
၉။ ကေတု(ကိတ်)ဂြိုလ် ၏မိတ် ကေ တု အောင် ကျော် ဇော် ၁၊ ၂၊ ၃
... နေသ ဂ္ဂိကရန်
...
၁။ တနင်္ဂနွေ ဂြိုလ်၏ရန် အောင် သာ ထွန်း ၆၊ ဝ
၂။ တနင်္လာဂြိုလ်တွင် ရန်မရှိပါ။ . .
၃။ အင်္ဂါ ဂြိုလ်၏ရန် စံ လွန်း
၎
၎။ ဗုဒ္ဓဟူး ဂြိုလ်၏ရန် ရွာ
က ၂
၅။ ကြာသာပတေး ဂြိုလ်၏ရန် မ ရွေး သာ ၈၊
၆
၆။ သောကြာ ဂြိုလ်၏ရန် သာ
ဦး ခိုင် ၁၊ ၂
၇။ စနေ ဂြိုလ်၏ရန် ထွန်း အောင် ကျော် စံ ၁၊ ၂၊
၃
၈။ ရာဟု ဂြိုလ်၏ရန် ရွှေ
အေး ကျော် စံ ၁၊ ၂၊ ၃
၉။ ကေတု(ကိတ်) ဂြိုလ်၏ရန် ကေ တု
သန်း နိုင် ၆၊ ဝ
... အဓိမိတ်၊ အဓိရန် ...
... အဓိမိတ် ...
ဌာန ရှေ့ နောက် မိတ်ဂြိုလ်ရောက်ပြီး၊ လေး၊
ဆယ်၊ ဆယ့်တစ် ဓိမိတ်ဖြစ်သည်။
မိတ်ဂြိုလ်ရရှိထားသော ရာသီအိမ်၏ ရှေ့၊နောက်တွင်
လည်းကောင်း၊ထိုရာသီအိမ်၏ (၄)အိမ်မြောက်၊ (၁၀)အိမ်
မြောင်၊ (၁၁)အိမ်မြာက်တွင် မိတ်ဂြိုလ်များရှိက
အဓိမိတ်ဂြိုလ်ဖြစ်သည်။
... အဓိရန် ...
သုံး၊ ငါး၊ ခြောက်၊ ခုနှစ်၊ တက္ကလလေးအိမ် ဓိရန်ကြိမ်းသည်။
ရန်ဂြိုလ်ရရှိထားသော ရာသီအိမ်၏ ရှေ့(၃)အိမ်မြောက်၊
(၅)အိမ်မြောက်၊ (၆)အိမ်မြောက်၊ (၇)အိမ်မြောက်၊တွင်
ရန်ဂြိုလ်ရှိက အဓိရန်ဂြိုလ်ဖြစ်သည်။
... ဌာနဗလ ...
ဇာတာတစ်စောင်ကို စစ်ဆေး၊ဟောပြောရာ၌ ဌာနဗလ
အဖြေကိုသိရန် ဥုစ်၊ နိစ်၊ ကသစ်၊ ပြ၊ တြိဂုဏ်း၊ မိတ်၊ ရန်၊
အဓိမိတ်၊ အဓိရန် တို့သည် အရေးပါသည်။ ထို့ကြောင့်
နက္ခတ်ပညာတတ်လိုသူသည် .. ထို ဥုစ်၊ နိစ် .. တို့ကိုကြေ
ညက်နေရန် လိုအပ်ပေသည်။
... (၁၂) ရာသီစက် ၏
ဆိုင်ရာရုပ်ပုံ ...
၁ ။
မေဿ ဆိတ်ရုပ်(ဝါ)သိုးရုပ်
၂ ။
ပြိဿ နွားရုပ်
၃ ။
မေထုန် အပျိုရုပ် နှင့် လူပျိုရုပ်
၎ ။
ကရကဋ် ပုဇွန်လုံးရုပ်
၅ ။
သိဟ် ခြင်္သေ့ရုပ်
၆ ။ ကံ အပျိုကညာရုပ်
၇ ။ တူ ချိန်ခွင်ကိုင် ကုန်သည်ရုပ်
၈ ။
ဗြိစ္ဆာ ကင်းမလက်မည်းရုပ် (ဝါ)
ကင်းမြီးကောက်
၉ ။ ဓနု လေးတင်နေသော လူကိုယ်နှင့်
မြင်းကိုယ်ရုပ်
၁၀။ မကာရ
သမင်းဦးခေါင်း နှင့် ငါးကိုယ်
၁၁။ ကုမ်
ရေထမ်းယောကျာင်္းရုပ်
၁၂။ မိန် ငါးနှစ်ကောင်ရုပ်
... ရာသီစက်၊ ဘာဝစက် ...
ရာသီစက်သည် လူတစ်ဦးအား ပတ်ဝန်းကျင်မှမြင်သော
မြင်ကွင်းဖြစ်စဉ်ဖြစ်၍ ဘာဝစက်သည် ထိုလူ၏မူလဘူတ
မြင်ကွင်းဖြစ်စဉ်ဖြစ်သည်။
...ဘာဝစက် ...
ဘာဝစက်သည် ဇာတာတစ်စောင်ကို စစ်ဆေးရာတွင်
အဓိကအရေးပါသော ဂဏ္ဍ၊အပိုင်းဖြစ်သည်။ ထို့ကြောင့်
နက္ခတ်ပညာ တတ်မြောက်လိုက ဘာဝ(၁၂)ပါး၊ ပရိယာယ်ကို
စွဲမြဲနေရန် လိုအပ်ပေသည်။
... ဘာဝ(၁၂)ပါး ပရိယာယ် ...
No comments:
Post a Comment
အားလုံးကို ကြိုဆိုပါတယ်။